Showing posts with label Love. Show all posts
Showing posts with label Love. Show all posts
Wednesday, March 12, 2014
Saturday, February 15, 2014
သူရိန့်... သို့
ကျနော် စာအသစ်မရေးဖြစ်သေးလို့ ဟိုးတုန်းကရေးထားတဲ့ အဟောင်းလေးပဲ ပြန်တင်ပေးလိုက်ပါတယ်.
သူရိန့်...သို့
Published by Zawmyo Htet on 4th Jun 2011 | View all blogs by Zawmyo Htet
အရောင်အသွေးစုံသော
ချစ်သူစုံတွဲများစွာတို့ဖြင့် သက်ဝင်စည်ကားလျှက်ရှိသော
ကျွန်တော်တို့စာပေပညာသင်ကြားရာ ဒဂုံတက္ကသိုလ်ကြီသည်
အတန်းပညာများကိုသင်ကြားပေးရုံမျှသာမက ချစ်ခင်မြတ်နိုးခြင်း၊
နာကျည်းမုန်းတီးခြင်းတည်းဟူသော ရသပညာများကိုပါသင်ပြပေးသကဲ့သို့ ရှိပါသည်။ ကျောင်းတော်ကြီးသည်
ချစ်သူစုံတွဲတို့ဧ။် ရယ်မောပျော်ရွှင်သံများ၊ နာကျဉ်းပူဆွေးငိုကြွေးသံများဖြင့်
မရိုးနိုင်သော ဇာတ်လမ်းအသွယ်သွယ်တို့ကိုလည်း အမြဲတစေ သိမြင်တွေ့ထိ နေရပါလိမ့်မည်။
ချစ်ခြင်းမေတ္တာကို အောင်မြင်စွာ ရယူလိုက်နိုင်သော လှပပြည့်စုံသည့် အချစ်ဇာတ်လမ်းများရှိနိုင်သကဲ့သို့
အချစ်သူရဲကောင်းဟူသော ဘွဲ့ကိုကျေနပ်စွာခံယူပြီး စွန့်လွှတ်အနစ်နာခံလိုက်သော
အသည်းကွဲဇာတ်လမ်းတချို့လည်း ရှိကောင်းရှိပေလိမ့်မည်။ ဤသို့
ရုပ်ရှင်ဝတ္တုဆန်စွာကြီးကျယ်ခမ်းနားသော ချစ်ခြင်းဇာတ်လမ်းများနှင့် အမြဲတစေ
တွေ့ထိပတ်သတ်နေရသော အမိတက္ကသိုလ်ကြီးသည် ကဗျာမပီ စာမမီဖြင့် ချစ်သူဟုပင်
ရဲဝင့်စွာခံယူခွင့်မရရှိခဲ့သည့်ယောကျာင်္လေးနှစ်ယောက်၏ အချစ်ဇာတ်လမ်းလေးတပုဒ်အား
သတိတရပင် ရှိတော့ပါလေစ။ ကဗျာတွေစာတွေမမီသော်လည်း အချစ်ဆိုသည်တိုင်းကတော့
နှလုံးသားတစုံနဲ့ ရင်းပြီး နစ်နစ်နဲနဲ ချစ်ခဲ့ရသည်သာဖြစ်သည်။ အတိတ်ဆိုတာ
ပြီးဆုံးသွားခဲ့ပြီ ဆိုပေမယ့် နှလုံးသားထက်မှာ ထွင်းထုမှတ်တမ်းတင်ခဲ့ရင်
မော်ကွန်းအဖြစ်တော့ ကျန်ရစ်မှာပါလေ….
x x x xx x x x x x x x
မှတ်မှတ်ရရ
သူရိန်ဆိုသော တောင်ပေါ်သားလေးတဦးနှင့် စတင်ဆုံစည်းမှု့သည် ဒီဇင်ဘာလဧ။်
ကျိုက်ထီးရိုးခရီးစဉ်တခုတွင်ဖြစ်သည်။ ထိုခရီးစဉ်တွင် သူရိန်ဟူသော ကောင်လေးတဦး
ပါလာခြင်းသည် ကျွန်တော်၏ တက္ကသိုလ် တတိယနှစ်ကျောင်းသားဘ၀ဧ။် ပျော်ရွှင်ကြည်နူးခြင်း
ဝမ်းနည်းကြေကွဲခြင်းတို့အပေါ် အကြီးအကျယ် လွှမ်းမိုးပြောင်းလဲစေမည်ဖြစ်ကြောင်းဆိုစဉ်က
ကျွန်တော်မသိနိုင်ခဲ့ပါ။ ကျွန်တော်တို့နှင့်မသိသော ကျွန်တော်တို့မေဂျာမှလည်း
မဟုတ်သော ခပ်မိုက်မိုက် အလန်းစားဘဲလေးတဗွေဟု အသိအမှတ်ပြုမိယုံမျှသာဖြစ်ပြီး
မသိမသာစောင်းခဲ့ကြည့်ယုံမှလွဲ ထိုအချိန်ထိ ကျွန်တော့်ဧ။် ရင်ခုန်သံများသည်
ထိုအပျော်ခရီးအတွက်သက်သက်မျှသာ ဖြစ်ခဲ့ပါသည်။
ကျိုက်ထီးရိုးတောင်ပေါ်သို့
ရောက်ရှိချိန်တွင် အပူချိန်သည် လွန်ကဲသိသာစွာ ကျဆင်းလာခဲ့သည်။
မြူခိုးမြူငွေ့များသည် တောင်တန်းများတ၀ိုက် သိုင်းခြုံညို့မှိုင်းလာပြီး
ချမ်းအေးသည့်ဒဏ်ကို စတင်ခံစားရပါတော့သည်။ အစီအစဉ်မရှိပါပဲ သူငယ်ချင်းများ
အိမ်တိုင်ရာရောက် ခေါ်ဆောင်မှု့ဖြင့် လိုက်ပါခဲ့ရသည့်အတွက် အနွေးထည်များနှင့်
အသုံးအဆောင်များ လုံလောက်စွာမပါရှိခဲ့ခြင်းသည် ကျွန်တော်နှင့်
သူရိန်တို့ရင်းနှီးစေရန် အကြောင်းအရင်းများစွာထဲမှ အကြောင်းအရင်းတရပ်ပင်ဖြစ်သည်။
စတိုင်ကျကျ ၀တ်ဆင်တတ်သော သူရိန်ဆိုသည့် ကောင်လေးသည် သူ၏အနွေးထည်များ၊ Facial
Foamများနှင့် အခြား For Men Cosmetic များကို ကျွန်တော့အား ကြည်ဖြူရက်ရောစွာပင်
ဝတ်ဆင်သုံးစွဲစေခဲ့သည်။ စတိုင်ကျလှပသော ဂျာကင်အနွေးထည်များမို့ ကျွန်တော် နှစ်သက်ကျေနပ်မိသည်။
ကျေးဇူးလည်း တင်မိသည်။ ဂျက်ကင်လေးများတွင်ပါဝင်သော သူ့ဧ။်ရနဲ့တမျိုးက
သူ့ကိုပို၍ရင်းနှီးသွားစေသလိုပင်။ သူရိန့်အကျီင်္ဆိုသော အသိက ပြင်ပရှိချမ်းအေးသော
လေထုကို တွန်းလှန်၍ ရင်ထဲထိအောင် နွေးထွေးသွားခဲ့သလိုပင်။ တညလုံး ကောင်ကင်မှ
ကြယ်များကို မော့ကြည့်ကာ ရောက်တတ်ရာရာများ ပြောဆိုဖြစ်ခဲ့သည်။ အချမ်းဒါဏ်ကို
သူငယ်ချင်းများ ပူးကပ်ထားခြင်းဖြင့် နွေးထွေးမှု့ကို ဖန်တီးကြသည်။
သူရိန်တယောက်ကတော့ ကျွန်တောနှင့် အလွန်နီးကပ်စွာ ဖတ်ထား ရီဝေစွာပြုံးနေတော့သည်။
ရေတံခွန်သို့
သွားသည့်နေ့တွင်တော့ သူရိန်နှင့်ပိုမိုရင်းနှီးရခဲ့သည်။
ဆိုးရွားမတ်စောက်သောလမ်းရှိ အခက်အခဲများကိုအတူဖြတ်သန်းပြီး ရေတခွန်သို့ရောက်သောအခါ
ကြည်နှုးမှု့ပျော်ရွှင်မှု့တွေကို ခံစားခဲ့ရသည်။ ကျွန်တော်ဝန်ခံပါသည်။
သူပါရှိနေခြင်းက ကျွန်တော့်အတွက် ထိုခရီးစဉ်ကို ပိုမိုအဓိပါယ်ရှိစေခဲ့သည်ဆိုခြင်း
မငြင်းလိုပါ။ မြင့်မားသော တောင်တန်းပြာများ၊ တောင်ပေါ်လေတို့တိုက်ခတ်သော
ချမ်းအေးသည့် ပတ်ဝန်းကျင်၊ သာယာလှပသော တောတောင်ရေမြေ သဘာဝတို့နှင့် ပြည့်စုံနေသော
ဤဒေသပတ်ဝန်းကျင်တွင် သင်းပျံ့သော အငွေ့အသက်၊ နူးညံ့သောအပြုံးတို့နှင့်
ဆွဲဆောင်မှု့ရှိသော ယောကျာင်္းတစ်ယောက်ကို သုံးရက် ဟူသော အချိန်အတွင်း
ချစ်မိသွားခြင်းသည် ကျွန်တော်အလွန်တော့ ဟုတ်မည်မထင်ပါ။ ထို့အတွက်လည်း
ကျွန်တော်နောင်တမရခဲ့ပါ။ ထိုခရီးစဉ်မှ အပြန်တွင် သူ့ကိုချစ်မိသွားသည်မှာတော့
သေချာပါသည်။
x x x x x x x x x
ရန်ကုန်သို့ပြန်ရောက်ပြီး
ကျောင်းပြန်တက်သော နေ့ရက်များသည် ရင်ခုန်ကြည်နှုးဖွယ်အတိဖြင့် ပြီးပြည့်စုံခဲ့သည်။
သူရိန်သည် ကျွန်တော်တို့ pratical ခန်းများရှေ့သို့ မရောင်မလည်နှင့် ရောက်ရောက်လာတတ်သည်။
စာသင်ချိန်ပြင်ပ အချိန်တော်တော်များများသည် သူရိန်နှင့်ပင် ကုန်ဆုံးဖြစ်သည်မို့
ကျောင်းတော်ကြီးထဲတွင် ကျွန်တော်တို့ဧ။်ခြေရာများပင် ထပ်၍နေပေလိမ့်မည်။
အဆောင်မှသည် မုခ်ဝထိအောင် လျှောက်လှမ်းရသည့်တိုင် မမောနိုင်မပမ်းနိုင်
ပျော်ရွှ့င်ခဲ့ကြသည်။ သူရိန်နှင့်အတူ တော်ဝင်လမ်းမကြီးတွင် လျှောက်လှမ်းရသည်မို့
ဒဂုံတက္ကသိုလ်ကြီးသည် အရင်လောက်နေမပူတော့သလိုပင်။ မြို့ထဲတွင်နေသော ကျွန်တော်အဖို့
သူရိန်တို့ မြောက်ဥက္ကလာဖယ်ရီကို လိုက်စီးရသည်မှာ အသားကျနေသလိုပင်ဖြစ်နေသည်။
သူရိန်နှင့် ကျွန်တော်သည် ရင်းနှီးခဲ့သည်မှန်သော်လည်း လိင်ပိုင်းဆိုင်ရာ
ပတ်သတ်မှု့မျိုးတော့ရှိမနေခဲ့ပါ။ သူရိန် ပုဆိုးဝတ်လာသည့်နေများနေ့များတွင်
ပုဆိုးကွဲကြောင်းအတွင်း ခါးပုံစအောက်မှ ဖုဖုလုံးလုံးသဏ္ဍာန်အား ငေးကြည်မိယုံမျှသာ
ဖြစ်ခဲ့သည်။ ထိုအချိန်များတွင်တော့ သူရိန်သည် ပြုံး၍ပင်နေတတ်သည်။ ည
(၈)နာရီထိုးတိုင်း သူရိန်နှင့်ဖုန်းမပြောရလျှင် ထိုတနေ့တာသည် ကျွန်တော့်အတွက်
အဓိပါယ်မရှိသလိုပါပင်။ ဤသို့ဖြင့် လပေါင်းများစွာ ကုန်ဆုံးခဲ့ပါသည်။
x x x x x x x x x
သူရိန်နှင့်အတူ
အမြဲပင်ရှိနေခွင့်ရနေခွင့်ရမည်ဟုတွေးထင်ခဲ့မိသည် မှားယွင်းခဲ့ကြောင်း 2nd
semester ရောက်မှသိရှိခဲ့သည်။ သတင်းဆိုးတရပ်ကို ယူဆောင်လာသူမှာ
ကျွန်တော့်တို့သူငယ်ချင်း မေမြတ်နိုးပင်ဖြစ်သည်။
“
သူရိန် စော်ရသွားပြီသိလားဟဲ့… ငါ E-major မှာသူတို့ကိုတွေ့ခဲ့တယ်” ကျွန်တော်
မယုံကြည်ပါ။ သူငယ်ချင်းတွေလည်း ဖြစ်နိုင်ပါသည်။
အဲဒီနောက်တွင်တော့
ဘယ်မှာ ထပ်တွေ့ခဲ့သည်။ သူ့ကောင်မလေးက ဘယ်သူဖြစ်သည်ဆိုသော သတင်းများကို လည်း
ကြားနေရသည်။ ကြားနေရသည့် သတင်းသည် မယုံနိုင်ဖွယ်ကောင်းသလို
နာကျင်ဖွယ်လည်းကောင်းလှသည်။ ကျွန်တော့်ရင်၏ ဗဟိုတည့်တည့်တွင် မီးတောင်တခု
အဆက်မပြတ်ပေါက်ကွဲသလို နာကျင်ပူလောင်လွန်းလှသည်။ သူရိန် တနေ့တော့ ချစ်သူရမည်ဟု
တွေးထင်မိသော်လည်း ဤမျှမြန်မြန်ကြီးဖြစ်လာမည်ဟု ထင်မှတ်မထားခဲ့ပါ။ ထို့အတွက်
ကျွန်တော့်အဖို့ ခံနိုင်ရည်ရှိရန် ပြင်ဆင်ချိန်ပင်မရလိုက်ပေ။ ထိုရက်များအတွင်း
lacture ခန်းအတွင်း စာသင်ရသည်ကိုပင် စိတ်မဖြောင့်ပေ။ ကော်ရစ်တာဆီသို့
ရောက်ရောက်လာတတ်သည့် သူ၏ပုံရိပ်လေးအား စောင့်မျှော်နေမိသည်။ တစ်ချိန်လည်း ပေါ်မလာ၊
နှစ်ချိန်လည်းပေါ်မလာမို့ ဆို့နစ်စွာ ခံစားရသည်။ တကယ်တော့ ဒါဟာဖြစ်ရိုးဖြစ်စဉ်ပါဟု
နည်းလမ်းမျိုးစုံဖြင့် ကိုယ့်ကိုကိုယ် ရှာကျန်နှစ်သိမ့်နေသည့်ကြားက
ပူလောင်မှု့တို့က စိုးစိမျှပင် လျှော့ပါးမသွားပေ။
နေ့လည်တစ်နာရီကျော်မှ
သူရိန်ရောက်ရှိလာသည်။ ရှပ်အင်္ကျီအကွက်လက်ရှည်ကို တံတောင်ထိခေါက်ဝတ်ထားပြီး
ယောပုဆိုး အနက်ကို ၀တ်ဆင်ထားသော သူရိန်သည် သူ၏အသားအရည်နှင့် လိုက်ဖက်စွာ
စွဲဆောင်မှု့ရှိလှသည်။ နှုတ်မွေးစိမ်းစိမ်းများနှင့် နီရဲစွတ်စိုသော
နှုတ်ခမ်းများကိုလည်း ပိုင်ဆိုင်ထားသေးသည်။ ကျယ်ပြန့်သောရင်အုပ်နှင့် ရှည်လျားသော
ပေါင်တံများနှင့် အချိုးကျလှသော သူ့ပုံရိပ်ကို မြင်တွေ့ရသည့်အခါ နှမြောတသမှု့ကို
ပိုခံစားရသည်။ စာလည်းဆက်မသင်ချင်တော့သည်မို့ သူရိန်နှင့်ပင်
ဘွဲ့နှင်းသဘင်ခန်းမနောက်သို့ လျှောက်လာခဲ့သည်။ ၀ုန်ဒိုင်းကြဲပုံစံမျိုးလုပ်ရအောင်လည်း
သူရိန်နှင့် ကျွန်တော်က ဘာမှလည်းမဟုတ်ခဲ့ကြ။ ဘယ်ကဘယ်လို သူ့ကို
စကားစပြောရမှန်းပင်မသိချေ။ သူ့ကို တခုခုတော့မေးလိုက်ချင်သည်။ ထိုမေးခွန်းသည်
ပညာသားပါရန်လည်းလိုအပ်သေးသည်။ သို့သော်စကားလုံးတို့ လည်ချောင်းဝတွင်
ဆို့နစ်စွာပျောက်ကွယ်သွားသည်။ သူ့ထံမှ ၀န်ခံမှု့တခုကို ကြားရပြီး
ထိုကိစ္စအတည်ဖြစ်သွားမည်ကို ကြောက်သည်လည်း ပါပါလိမ့်မည်။
“
မင်းကောင်မလေးကို မင်းအရမ်းချစ်တာပဲလားဟင်” ကျွန်တော့်အသံတို့သည်
ခြောက်ကပ်အက်ကွဲနေမှန်း ကိုယ့်ကိုကိုယ် သတိပြုမိလိုက်သည်။
“
ဘယ်ကချစ်သူလဲ”
“E-major
က ရှင်းသန့်လေ”
“
ငါတို့က ချစ်သူတွေမဟုတ်သေးပါဘူးကွာ…သူငယ်ချင်းတွေပဲရှိပါသေးတယ်”
“မင်းတို့ကို
E-major မှာအမြဲတွေ့တယ်တဲ့”
“
တွဲတိုင်းသာ ချစ်သူတွေဆို မင်းနဲ့ငါနဲ့လည်း ချစ်သူတွေပဲပေါ့”
သူရိန့်ထံမှ
ထင်မှတ်မထားသော စကားသံကိုကြားရသည့်အတွက် မင်သက်စွာ ကျွန်တော်ဆွံအသွားခဲ့သည်။
မင်းနဲ့ငါနဲ့လည်း ချစ်သူတွေပေါ့ဆိုသော စကားသံသည် ကျွန်တော့်ရင်ကို ပံ့တင်ထပ်နေသည်။
ကျွန်တော်ဘာမှ ထပ်မပြောလိုတော့မပါ။ အမြဲတစေ ကြည့်ကောင်းနေတတ်သော သူ့မျက်နှာကိုသာ
ငေးကြည့်နေလိုက်သည်။ သူပြုံးနေသည်ကိုတော့ ကျွန်တော်တွေ့လိုက်ပါသည်။
x x x x x x x x x x
ကျွန်တော်တို့
မေဂျာသို့ သူရိန် အလာကြဲသွားသည်မှာ သိသိသာသာပင်ဖြစ်သည်။ သူ့ဖုန်းသည်လည်း
ညဘက်များတွင် မကြာခဏဆိုသလို busy ဖြစ်နေတတ်သည်။ ကံကြမ္မာသည်
ကျွန်တော့အားထိုးနက်ခဲ့ရခြင်းအား အားရဟန်မတူပါ။ ကျွန်တော်အား
တွယ်တာဆိုသောကောင်မလေးနှင့် အမှတ်မထင် သိကျွမ်းခွင့်ပေးခဲ့သည်။ တွယ်တာသည်
သူရိန့်ချစ်သူ ရှင်းသန့်၏ အခင်ဆုံးသူငယ်ချင်းလည်းဖြစ်သည်။ ထိုအကြောင်းကိုသိရသောအခါ
ကျွန်တော်လွန်စွာ အံ့သြမိခဲ့သည်။ နောက်ပိုင်းတွင်တော့ တွယ်တာသည် ကျွန်တော်နှင့်
ရင်းနှီးသွားခဲ့သည်။ ကျွန်တော်သည် သူရိန်နှင့်ပတ်သတ်ပြီး သိလိုသမျှကို တွယ်တာ့အား
ဖုန်းဆက်မေးတတ်သလို တွယ်တာကလည်း ထူးရင်ထူးသလို မမောနိုင်မပမ်းနိုင်
ပြန်ပြောပြတတ်သည်။
“
တွယ်တာ..သူတို့ချစ်သူတွေဖြစ်နေပြီလား”
“
အဲလိုတော့ မဖြစ်သေးဘူးဟ.. ရှင်းသန့်က သူရိန့်ကိုညှင်းထားတာနေမှာ.. ”
ကျွန်တော်ငြိမ်သွားမိသည်။
ကျွန်တော်မြတ်နိုးစွာ ချစ်ခဲ့ရသော သူရိန်သည် မိန်းကလေးများ၏ ညှင်းပင်မှု့၊
လှည့်ဖျားမှု့ကိုခံနေရသည်။ ရှင်းသန့်ဟာ မင်းဘ၀မှာ တော်တော်များအရေးပါနေပြီလား
သူရိန်ရာ..။ ကျွန်တော့်အတွေးများသည် တွယ်တာ့အသံကို ကြားတော့မှ ရပ်တန့်သွားတော့သည်။
“ ဟဲ့ ဘယ်လိုဖြစ်သွားရတာလဲ။ ငါနဲဖုန်းပြောနေတယ်ဆိုတာကိုရော နင်သတိရသေးရဲ့လား”
“အင်း
… နင့်သူငယ်ချင်းလုပ်ပုံကလဲ ငါ့သူငယ်ချင်း သူရိန်သနားပါတယ်။
ပြတ်ပြတ်သားသားပြောလိုက် ပြီးရောပေါ့ဟ”
“
ဒီမယ်.. အောင်ကို မသိရင်ခက်မယ် နင်က သူရိန်ဘက်ကနာသလိုလိုနဲ့ နင်ရှင်းသန့်ကို
သ၀န်တိုနေတာမှတ်လား… ငါရိပ်မိနေတာကြာပြီ… တခါတလေမှာ နင့်အမူအရာတွေက သိပ်သိသာတာပဲဟာ”
OH!
My god, ကျွန်တော့်ကို ရှင်းသန့်နဲ့ အထင်လွဲနေတာပါလား။ သူရိန်နှင့်
ယောကျာင်္းချင်းကြိုက်နေသည်ဟု သိသွားတာထက်စာရင်တော့ တော်သေးသည်ဟုဆိုကာ
အလိုက်အထိုက်ပြန်ပြောရတော့သည်။
“
ငါရှင်းသန့်ကို စိတ်ဝင်စားတယ်ဆိုပေမယ့်လည်း သူရိန်က
ငါ့သူငယ်ချင်းဖြစ်နေတယ်လေဟာ”
“
သူတို့က ချစ်သူတွေမှ မဟုတ်သေးတာ.. နင် ငါတို့ major ကိုလာလာချောင်းတာ
ငါတို့သိတယ်နော်.. ရှင်းသန့်နဲ့ သူရိန်တို့ အတူရှိနေရင်တာကို တွေ့ပြီး
နင်ပြန်ပြန်သွားတာကို ငါရောရှင်းသန့်ပါ ငါတို့ သိနေကြတယ်။ ငါတို့ကတေင်
နင့်ကိုသနားနေကြတာ။ နင်လည်းကြိုက်ရင် လိုက်ပေါ့ဟာ။”
ကြိုတင်ကြံစည်ထားခဲ့ခြင်းမဟုတ်သည်တော့
သေချာပါသည်။ ကျွန်တော်တသက်တာ နောင်တရစေမည့် အတွေးအကြံဆိုးသည် ကျွန်တော့် အာရုံ၌
ရုတ်တရက်ပေါ်ထွက်လာခဲ့သည်။ ထိုအချိန်တွင် ရှင်းသန့် သူရိန့်အား ပြန်မချစ်ရေးသည်
ကျွန်တော့်အတွက်အရေးကြီးနေခဲ့သည်။ သူရိန်နှင့် ရှင်းသန့်ချစ်သူတွေ မဟုတ်မှသာ
သူရိန်ကျွန်တော့် အနားပြန်လာမည်ဟု ရူးမိုက်စွာ တွေးထင်မိခဲ့သည်။ ကျွန်တော်သည်
အချစ်ကြောင့်ဖြစ်သော အတ္တတခုကို ရှေ့တန်းတင်ပြီး အသိတရားကင်းမဲ့စွာဖြင့်
ရှင်းသန့်အားလိုက်ရန် လျှင်မြန်စွာ ဆုံးဖြတ်ချက်ချရတော့သည်။
“ အေး… ငါရှင်းသန့်ကို ကြိုစားကြည့်ချင်တယ်ဟာ။ နင်ငါ့ကို
သူ့ဖုန်းနံပါတ်ပေးနိုင်မလား”
“ ပေးရတာပေါ့ဟ နင်လည်းငါ့သူငယ်ချင်းပဲ. သေချာနားထောင်နော် 09519????”
“ကျေးဇူးပဲဟာ ငါ ရှင်းသန့်ကို လိုက်မယ်ဆိုတာ သူရိန်မသိပါစေနဲ့ဟာ… နော်”
အေးပါဟ
ဆိုကာဖုန်းချသွားသည်။ ထိုနေ့မှစ၍ ကျွန်တော်သည် ရှင်းသန့်၏အချစ်ကိုရရှိရန်
ကြိုးစားခဲ့သည်။ ကျောင်းတွင် ရှင်းသန့်နှင့် သူရိန်တို့
အချိန်တော်တော်များများရှိနေတတ်သည်မို့ ညဘက်ဖုန်းပြောချင်းဖြင့်သာ
တိုက်စစ်ဆင်ခဲ့သည်။ ထူးဆန်းသည်မှာ ရှင်းသန့်က ကျွန်တော့အား လိုက်လိုက်လျောလျော
ဖေဗာပေးတတ်ခြင်းပင်ဖြစ်သည်။ ကျွန်တော် ဖုန်းမဆက်ဖြစ်သည့်နေ့များတွင်
ရှင်းသန့််ဘက်မှပင် စဆက်သည်အထိ အခြေအနေကောင်းခဲ့သည်။
x x x x x x x x x x
ဤသို့ဖြင့်
ဘွဲ့များပင် အသီးသီးယူပြီးကြပြီဖြစ်သည်။ သူရိန်နှင် မကြာခဏ ဆုံဖြစ်ကြရန်
အကြောင်းအမျိုးမျိုးဖန်တီးရသော်လည်း ရှင်းသန့်နှင့်တော့ ဖုန်းပြောဖြစ်ရုံမျှသာ။
ကျွန်တော်မချစ်သော မိန်းကလေးဖြစ်သည့်အတွက် တွေ့ဆုံရန်လည်း မကြိုးစားဖြစ်ပါ။
သူရိန်နှင့် ရှင်းသန့်သည် တခါတရံတွေ့ဖြစ်ကြကြောင်းကိုတော့ တွယ်တာ့ထံမှ သိရှိရသည်။
တခုသော သောကြာနေ့၏ နံနက်ခင်းတွင် သတင်းဆိုးကိုဆောင်ကျဉ်းလာမည့် ဖုန်းမြည်သံက
စူးစူးဝါးဝါးအော်မည်လာခဲ့သည်။ ဖုန်းနံပါတ်ကတော့ တွယ်တာ့ဖုန်းပင်။
“အေး။ တွယ်တာပြော”
“ သူရိန် အခြေအနေမကောင်းဘူးဟ. ဟိုကောင် သူရိန်လေ ရှင်းသန့်ဖုန်းကို
ရှင်းသန့်မသိအောင် မနေ့က ယူကြည့်တယ်တဲ့။ အဲဒီမှာ နင်တို့ပို့ထားတဲ့ message တွေရော
ဖုန်းနံပါတ်တွေရော အကုန်တွေ့ပြီး ထသောင်းကျန်းတယ်တဲ့ဟ”
ကိုင်ထားသော
ဖုန်းပင်လွတ်ကျသွားမည့်အလား ထူပူသွားမိသည်။ ကျွန်တော်စိုးရိမ်ခဲ့ရသော ပြဿနာသည်
ကျွန်တော့်ထံသို့ ဆိုက်ဆိုက်မြောက်မြောက်ကို ရောက်ရှိလာခဲ့ပြီဖြစ်သည်။ တွယ်တာ့အား
အစီအစဉ်မကျစွာသော စကားလုံများဖြင့် ဗလုံးဗထွေးပင် မေးချလိုက်မိပါသည်။
“အဲဒီတော့ ဘာတွေဆက်ဖြစ်ကြလဲ၊ ရှင်းသန့်ကရော ဘာဆက်ပြောလဲ..
ငါ့ကိုမြန်မြန်ပြောပြပါဟာ”
“
ရှင်းသန့်ကတော့ နင့်ကိုရော သူရိန့်ရောကို အကဲခတ်စောင့်ကြည့်နေတယ်ပေါ့ဟာ.
နင်တို့ထဲက တယောက်ကို သူရွေးချယ်မယ်ပေါ့”
“အဲဒီတော့
သူကငြိမ်သွားရောလား”
“ငြိမ်ပါလိမ့်မယ်.
အားကြီးကြီး.. ရေလည်ကိုပေါက်ကွဲတာ.. သူ Propose
လုပ်ခဲ့တာကိုလည်းပြန်ရုပ်သိမ်းတယ်တဲ့.. သူ့ဘ၀မှာ သူအရင်းနှီးဆုံးလူနှစ်ယောက်က
သစ္စာဖောက်သွားတဲ့အတွက် သူရင်နာလို့မဆုံးဘူးတဲ့… တခြားတယောက်နဲ့ လက်ထပ်သွားရင်တောင်
ကြည်ဖြူနိုင်တယ်တဲ့… သူအဲလောက်မခံစားရဘူးတဲ့။ သူ နင့်ကို
သိပ်ကိုသံယောဇဉ်ရှိခဲ့တာတွေလည်းပြောသေးတယ်။ နင်နဲ့မိုလို့လို့ သူဒီလောက်ထိ
ပေါက်ကွဲသွားတာထင်တယ်။ ငါလည်းတော်တော်လန့်သွားတယ်ဟ။ သူ့ရဲ့ဒီလိုပုံကို တစ်ခါမှမှ
မမြင်ဘူးတာ.. သူပြောတဲ့ပုံစံက နင်တို့နှစ်ယောက်က သူ့ကိုပေါ်တင်ဖွင့်ပြောရင်
သူကတောင် နောက်ဆုတ်ပေးမယ့်ပုံပဲ။ သူပြောချင်တာတွေပြောပြီးတော့
ဂမူးရှူးထိုးထပြန်သွားရော။ ရှင်းသန့်တောင် လန့်သွားပုံရတယ်ဟ”
ကျွန်တော်
ထပ်ပင်မကြားနိုင်တော့အောင် နာကျဉ်နေမိသည်။ ဖုန်းကို မြန်မြန်စကားဖြတ်ပြီး
သူရိန့်အားရှင်းပြရန် သူရိန့်ဖုန်းကို မြန်မြန်ဆက်လိုက်သည်။
သူရိန်ဖုန်းမကိုင်တော့ပါ။ ကျွန်တော် အကြိမ်ပေါင်းမရေတွက်နိုင်အောင်
အခါခါဆက်ပါသည်။ သို့သော် အချည်းအနှီးသာဖြစ်ပါသည်။ သူရိန်သွေးပူနေချိန်မို့
သွေးအေးလောက်မည့် အချိန်တွင်မှ သူ့အားရှင်းထပ်မံရှင်းပြရန် ဆုံးဖြတ်လိုက်သည်။
တလတိတိပြည့်သောနေ့အား ပြက္ခဒိန်တွင် ၀ိုင်းလိုက်ပြီး
ထိုနေ့ကိုပင်ရွေးချယ်လိုက်သည်။ ကျွန်တော်သူရိန့်အားရှင်းပြရပါလိမ့်မည်။
ကျွန်တော်မှားခဲ့ပါသည်။ မှားခဲ့သော အမှားသည် သူရိန့်အားချစ်ခဲ့ခြင်းကြောင့်မှားခြင်းဖြစ်ကြောင်း
ဝန်ခံလိုပါသည်။ ပုတုဇဉ်လူသားပီပီအတ္တကြောင့် ဆုံးဖြတ်ချက်မှားယွင်းခဲ့ရပြီး
စုပ်လည်းစူး၊ စားလည်းရူးအခြေအနေမျိုးဖြင့် အချိန်များကို ဖြတ်သန်းခဲ့ရသည်။
ကျွန်တော်သူ့အား ချစ်ခဲ့ခြင်းကိုတော့ သူသာ အသိဆုံးဖြစ်ပါလိမ့်မည်။
တစ်လတင်းတင်းပြည့်သော
နေ့တွင် သူရိန့်ဖုန်းနံပါတ်အား PCO ဖုန်းမှဆက်လိုက်ပါသည်။ တူ..တူ..ဟူသောအသံသည်
ကျွန်တော့်ရင်ကို ခြောက်ခြားစေသည်။ သူ့အသံအားကြားခွင့်ရရန်လည်း ဆုတောင်းနေမိသည်။
မကြာမီ ဤပြဿနာများ၏ တရားခံဖြစ်သော ကျွန်တော့်အား ကံကြမ္မာက အမိန့်ချမှတ်ပေတော့မည်။
ဖုန်းခေါ်နေသော
တူ… ဆိုသည့်အသံသည် ရုတ်တရက်ကွယ်ပျောက်သွားပြီး “ ဟယ်လို” ဆိုသည့်အသံ သဲ့သဲ့အား
ကြားလိုက်ရပါသည်။ အကြိမ်ကြိမ်အလွတ်ရခဲ့သော သူရိန့်ဖုန်းနံပါတ်အား
မှားနှိပ်မိမည်မဟုတ်ကြောင်းကိုတော့ ကျွန်တော်သိပါသည်။ သို့သော်
ဖုန်းထူးသောအသံမှာလည်း ကျွန်တော် ရူးသွပ်ရင်ခုန်ခဲ့ရသည့် သူရိန့်အသံမဟုတ်မှန်းလည်း
ကျွန်တော်သိသည်။
“ကျွန်တော် သူရိန်နဲ့ပြောချင်လို့ပါဗျာ” ဟု
ကျွန်တော့အသံတို့ကတုန်ရီစွာထွက်ပေါ်လာသည်။ တဖက်မှ အသံသည် ခေတ္တမျှ တိတ်ဆိတ်သွားပြီး
“ဦးက သူရိန့်ဦးလေးပါ။ အေး..သူရိန့်သူငယ်ချင်းလား။ သူရိန်ပြီးခဲ့တဲ့
အပတ်ကပဲ မလေး,ကိုထွက်သွားပြီကွ.. ငါ့တူတို့ကို နှုတ်ဆက်မသွားဘူးထင်တယ်..”
“ဟုတ်ကဲ့ပါဦး.. ကျွန်တော်မသိလိုက်ဘူးခင်ဗျ”
“ သူရိန်တို့ကတော့ကွာ တော်တော်လည်း နေနိုင်တဲ့ကောင်ပဲ”
အကြောင်းစုံမသိရှိရှာသော
သူရိန့်ဦးလေးသည် ကျွန်တော့်ကို အားနာဟန်ဖြင့် သူရိန့်အား အပြစ်တင်ဟန်ပြုသည်။
ကျောင်းတက်နေတုန်းကပင် သူမလေးသို့သွားမည်ဟု မကြာခဏပြောတတ်သော်လည်း ယခုကဲ့သို့ မြန်မြန်ဆန်ဆန်ကြီး ကျနော့ကို အသိမပေးပဲ ထွက်သွားမည်ဟု ကျနော် ထင်မထားခဲ့မိပါ. မည်သို့ပင်ဆိုစေကာမူ
တကယ်တမ်း အပြစ်ရှိသူမှာ ကျွန်တော်သာဖြစ်သည်။ သို့သော် အပြစ်ပြုခံရသော သူရိန်သည်
နာကျင်ကောင်း နာကျင်ပေလိမ့်မည်။ အပြစ်ပြုမိခဲ့သော ကျွန်တော်သည်သာ အကြိမ်ကြိမ်ကို
ပို၍နာကျင်ခဲ့ရသည်။ သူရိန်ထွက်ခွာသွားသော မလေးရှားနိုင်ငံဆိုသည်မှာ
အာရှတိုက်တွင်ရှိပြီး မြန်မာနိုင်ငံနှင့်ဆိုလျှင် ဝေးလှသည်မဟုတ်ပေ။ ကမ္ဘာပေါ်တွင်
နိုင်ငံခြင်းခြားနေသော ချစ်သူစုံတွဲတွေလည်း များစွာရှိပါလိမ့်မည်။
ကျွန်တော်နှင့်ကွာခြားသည်က သူတို့ အားလုံးတွင် ချစ်သူနှင့် ပြန်ဆုံစည်းရန်
စိတ်ကူးရင်ခွင့်တော့ရှိကြပေသည်။ အနည်းဆုံး အိမ်မက်တော့လည်း မက်ခွင့်ရပေမည်။
ကျွန်တော့်တွင်သာ မိမိချစ်ရသောသူ ကျောခိုင်းသွားသည်မို့ ခံစားရသည်ထက် ကိုယ့်ကို
စက်ဆုပ်မုန်းတီးစွာ ကျောခိုင်းသွားသည်က ပြောမပြတတ်အောင် ခံစားရသည်။ ထိုနေ့တွင်မှ
သူရိန့်အား အမှန်တကယ်ဆုံးရှုံးသွားမှန်းသိခဲ့ရသည်။ အမှားပေါ်အမှားဆင့်ခဲ့မိသော
ကျွန်တော်သည် သူရိန့်၏ ခွင့်လွှတ်မှု့အား တောင်းဆိုရန်ပင် လိပ်ပြာမလုံချေ။
x x x x x x x x x x x
ပြက္ခဒိန်မှလများ တရွေ့ရွေ့ကုန်ဆုံးခဲ့ပြီ။ မကြာခဏဆိုသလို သူရိန်နှင့်
ခပ်ဆင်ဆင်တူသည့် ကောင်လေးများနှင့်တွေ့သည့်အခါတိုင်း သူရိန်များဖြစ်နေမလားဟု
ရှာဖွေနေခဲ့မိသလို သူနှင့်သွားခဲ့ဖူးသော နေရာလေးများသို့ရောက်သည့်အခါတိုင်းလည်း
ညှို့ညှို့ငင်ငင်ဆွဲဆောင်တတ်သော မျက်ဝန်းတစုံကိုသာ လွမ်းဆွတ်နေမိသည်။
ဆိုးရွားစွာ ရက်စက်ခဲ့သော ကံကြမ္မာသည် တကြိမ်တခါတော့ အခွင့်အရေးပေးဖို့
မျှော်လင့်မိပါသည်။ ကျွန်တော် ရင်ခုန်မြတ်နိုးစွာ ချစ်ခဲ့ရသော သူရိန်သည် ကျွန်တော်ရေးသားသော “သူရိန်…သို့” ဟူသည့်
ဤဇာတ်လမ်းလေးကိုလည်း ဖတ်မိမယ်ဆိုရင်ဖြင့်….။ ။
Zawmyo Htet
၁၇ ရက် မေလ၊ ၂၀၁၁
ည ၇ နာရီ ၃ မိနစ်။
Subscribe to:
Posts (Atom)