Sunday, March 2, 2014
အရမ်းကြိုက်ခဲ့တဲ့ကားလေးပါ
ဒီကားလေးဟာ လွန်ခဲ့တဲ့ ၁၀ နှစ်လောက်ထဲက အရမ်းကြိုက်ခဲ့တဲ့ ကားလေးပါ. DVD နှစ်ချပ်တွဲပါပြီး ကျွန်းတခုမှာ ယောကျာင်္းလေးအဖွဲ့နဲ့ မိန်းကလေး အဖွဲ့ ၂ဖွဲ့ ချစ်ကြိုးသွယ်ကြတဲ့ အပြည့် Full ကားလေးပါ. ဇာတ်လမ်းဇာတ်ကွက်နဲ့ သရုပ်ဆောင်ချောချောလေးတွေ ပင်လယ်ရေအောက်မှာ လုပ်ကြတဲ့ဇာတ်ဝင်ခန်းတွေနဲ့ ပြောစရာမရှိအောင်ကို ကောင်းပါတယ်. အဲကားလေးကို သူငယ်ချင်းဆီက ငှားကြည့်ပြီး အဲဒီတုန်းက ကျောင်းသားပဲရှိသေးတော့ ကျနော့်မှာ ကွန်ပျူတာမရှိသေးပါဘူး. memory stick ထဲကူးထားတာပါ. အဲဒီ stick လေး အင်တာနက်ဆိုင်မှာ ပျောက်သွားရာက အဲဒီကားလေးပါကှို ဆုံးရှုံးသွားပါတယ်. ပြန်ရှာချင်ပေမယ့် ကားနံမည်မသိတော့ ရှာလို့ မရတော့ပါဘူး. အခုတော့ website တခုမှာ short clip လေးတွေ့လို့ download လုပ်ပြီး ပြန်တင်ပေးလိုက်ပါတယ်. သူငယ်ချင်းတို့ ဒီကားလေးရဲ့ နံမည်လေးပဲဖြစ်ဖြစ် သိရင် ကျနော့်ကို ပြောပြပေးကြပါအုံး...
Subscribe to:
Post Comments (Atom)
No comments:
Post a Comment