အားလုံးပဲ မင်္ဂလာပါ။ ကျနော် ဇော်မျိုးထက်ပါ. ပထမဦးဆုံးအနေနဲ့ ကျနော့်ကို ဒီ blog လေးရဲ့ Admin အဖြစ် invite လှမ်းလုပ်တဲ့ ကိုညီညီကို ကျေးဇူးတင်ပါတယ်. ကျနော် website လုပ်တာ post တင်တာတွေကို မလုပ်ဖြစ်တာ လေးနှစ်လောက်ရှိပါပြီ။ တချို့ညီငယ်များက လုလင်ပျို website အကြောင်း သိချင်မှ သိမယ်. တချို့လည်း လုလင်ပျိုဆိုတဲ့ website ကိုမေ့လို့တောင်နေလောက်ပါပြီ။ ကိုညီညီဘက်က ကမ်းလှမ်းလာတော့ နဂိုတည်းက ၀ါသနာပိုးအခံကလည်းရှိဆိုတော့ ကျနော်ပြန်လုပ်ချင်စိတ်လေးလည်း ဖြစ်လာမိပါတယ်. ကျနော်ပထမဆုံး gay for burma ဆိုပြီး Google Page လေးကို စလုပ်ဖြစ်ခဲ့ပါတယ်. Page လေးတခုသာ ဖြစ်တဲ့အတွက် ကျနော်လိုချင်တဲ့ ပုံစံမျိုးကို အပြည့်အ၀ မပြုလုပ်နိုင်ခဲ့ပါဘူး. အဲဒီနောက်တော့ www.lulinnpyo.webs.com ကိုကျနော် ပြောင်းလုပ်ခဲ့ပါတယ်. မန်ဘာဦးရေ အများအပြား အတော်အတန် အောင်မြင်ခဲ့ပါတယ်. အဲဒီနောက်အတော်ကြာတဲ့အခါ lulinnpyo website မသမာသူများရဲ့ Hack တာကိုခံခဲ့ရပါတယ်. လုလင်ပျိုတင်လားဆိုတော့ မဟုတ်ပါဘူး. အဲဒီတုန်းက အခြား မြန်မာအပြာဆိုဒ်တော်တော်များများလည်း Hack ခံရပါတယ်. ကျနော် အချိန်များများပေးပြီးလုပ်ခဲ့ရတဲ့ ဆိုဒ်လေး ပျက်သွားတော့ အတော်ပဲ စိတ်ပျက်အားလျော့မိတယ်. နောက်ထပ်ဆိုဒ်လေးတခုအတွက် အားယူနေဆဲမှာပဲ ကျနော်သိလိုက်ရတာက အခြား Gay social site များ facebook များမှာ lulinpyo ဆိုတဲ့ နံမည်နဲ့ Account တွေ ပြုလုပ်လာကြတာပါပဲ. ပိုဆိုးတာကတော့ လုလင်ပျိုဆိုဒ်က Admin ပုံစံမျိုးနဲ့ Dating တွေလျှောက်လုပ်ကြတာပါပဲ. အဲဒီအတွက် ကျနော် စိတ်မကောင်းဖြစ်မိပါတယ်.
ကျနော် mlgbts.com မှာ lulinnpyo (N နှစ်လုံး) နဲ့ အကောင့်တခုကလွဲပြီး အခြားဘယ်မှာမှ ဒီနံမည်နဲ့ member မ၀င်ဖူးပါဘူး. နောက်လည်း ကျနော် zawmyo htet, zawmyo.htt တို့နဲ့ပဲ ရှေ့ဆက်သွားမှာပါ.
ကဲအားလုံးပဲ ကျနော် Post တွေစတင်ပါတော့မယ်ဗျာ..
ကျနော် mlgbts.com မှာ lulinnpyo (N နှစ်လုံး) နဲ့ အကောင့်တခုကလွဲပြီး အခြားဘယ်မှာမှ ဒီနံမည်နဲ့ member မ၀င်ဖူးပါဘူး. နောက်လည်း ကျနော် zawmyo htet, zawmyo.htt တို့နဲ့ပဲ ရှေ့ဆက်သွားမှာပါ.
ကဲအားလုံးပဲ ကျနော် Post တွေစတင်ပါတော့မယ်ဗျာ..
www.lulinnpyo.webs.com ကိုသိတာပေါ့ဗျာ ကျနော်လည်းmember ပဲလေ
ReplyDeleteကိုဇော်မျိုးထက်ကိုအားပေးပါတယ်ဗျာ ကျနော်လည်းဒီလိုဆိုဒ်တွေမှာ ဒိတ်တာကိုတော်တော်မကြိုက်ဘူး တင်ထားတဲ့ဓါတ်ပုံတွေ ဗီဒီယိုတွေအောက်မှာ အဲ့ဒါတွေအတွက်comment ပဲဖြစ်သင့်တယ် မဒိတ်သင့်ဘူးဗျ
အမြဲအားပေးနေမယ်ဗျာ
ဟုတ်ကဲ့. ကျေးဇူးတင်ပါတယ်ဗျ..
Delete